close

ကျောက်တော်တွင် စစ်သား ၆ ဦးနှင့်ဇနီးဖြစ်သူတို့ကို အေအေနှင့်ဆက်သွယ်သည်ဆိုပြီး စစ်တပ်က စွပ်စွဲဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်မှာ တာဝန်ကျနေတဲ့ ခမရ ၅၃၉ တပ်ရင်းက စစ်သား ၆ ယောက်နဲ့ ဇနီးတွေကို အောက်တိုဘာ ၅ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဆွေမျိုးတော်စပ်သူတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ တပ်ကြပ်ကြီးတယောက်ရဲ့ ဆွေမျိုးတော်စပ်သူက “ကန်စောက်တောင်မှာ တာဝန်ကျနေတဲ့ စစ်သား ၆ ယောက်နဲ့ ဇနီး ၆ ယောက်ကို ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ခမရ ၅၃၉ တပ်ရင်းက ဖမ်းဆီးလိုက်တာပါ။ သားသမီးတွေကိုတော့ ဖမ်းဆီးတာတွေ မပြုလုပ်ဘူး” လို့ ပြောပါတယ်။ 

သူတို့ကို စစ်တွေအခြေစိုက် တပ်ရင်းတွေနဲ့ BEME တပ်ရင်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုက တပ်သား ၃၈ ယောက်လည်း စက်တင်ဘာ ၂၂ ရက် ညပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) ဆီမှာ အလင်းဝင် ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ထံကို စစ်ကောင်စီဘက်က အယောက် ၁၀၀ နီးပါးလောက် အလင်းဝင်ရောက်ထားပြီး နောက်ထပ် ပြည်သူ့ရင်ခွင် ခိုလှုံမယ့်သူတွေကိုလည်း အေအေက ဖိတ်ခေါ်ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ​စစ်ကောင်စီစစ်ကြောင်းတွေက လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတဲ့ အရာရှိစစ်သည် ၁၀ ယောက်ထက်မနည်းရှိပြီး တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတာတွေရှိလို့ အရေအတွက် အနေနဲ့ကတော့ ရာဂဏန်းလောက်ရှိတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up