close

မာတင်နယ်လီကို လုပ်ခ ၃ ဆတိုးပေးပြီး စာချုပ်သစ်ချုပ်ဖို့ အာဆင်နယ်ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ ဘယ်တောင်ပံတိုက်စစ်ကစားသမား မာတင်နယ်လီကို လုပ်ခ သုံးဆတိုး ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။

အသက် ၂၁ နှစ်ရှိ ဘရာဇီးကစားသမားဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၇၀,၀၀၀ လောက်သာရရှိနေပြီး စီနီယာကစားသမားတွေရဲ့ တဝက်စာလောက်ပမာဏပဲ ရရှိနေတာပါ။

သူဟာ လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းပေးခဲ့သလို ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ ခြေစွမ်းပြကစားနေတာပါ။

ခြေစွမ်းတိုးတက်လာတဲ့ မာတင်နယ်လီကို အာဆင်နယ်က ရေရှည်အထိအသုံးပြုနိုင်ဖို့ နှစ်ရှည်သက်တမ်းတိုးဖို့ စီစဉ်ထားတာပါ။

တခြားကလပ်အသင်းတွေကလည်း သူ့ကိုခေါ်ယူဖို့ သတင်းထွက်နေတာကြောင့် မာတင်နယ်လီကို လုပ်ခသုံးဆအထိ တိုးပေးပြီး ပေါင်နှစ်သိန်းဝန်းကျင်အထိ ရှရိနိုင်ပါတယ်။

ဒီပမာဟာဟာ အာဆင်နယ် စီနီယာကစားသမားတွေဖြစ်တဲ့ သောမက်စ်ပါတေးနဲ့ ဂျေဆုတို့ရရှိနေတဲ့ လုပ်ခပမာဏဖြစ်ပြီး မာတင်နယ်လီဟာလည်း သူတို့ရဲ့လုပ်ခကို လိုက်မီနိုင်တော့မှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up