close

ပြည်ကြီးတံခွန်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးအဖွဲ့များ ဒဏ်ရာရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၂၈ လမ်းရှိ (စ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၃၁ ရက် ဒီမနက် ၁၀ နာရီခွဲမှာ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်နဲ့ ရာအိမ်မှူး ဦးအောင်ကျော်ဦးတို့မှာ ရင်ဘက် ဖောက်ဝင်ဒဏ်ရာတွေရရှိကာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရာအိမ်မှူး ဦးဝင်းစိုးမှာ ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး ရုံးအတွင်းရှိ အခြားသူနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်တာကို Anonymous. Force MDYနဲ့ မဟာမိတ် Mandalay Youngs Force-MYF၊ Truth Keeping Force-AMA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စကစနဲ့အဝေးဆုံးမှာနေကြဖို့ Anonymous. Force MDY က အသိပေးတိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up