အီသီယိုးပီးယား အပစ်အခတ်ရပ်စဲရေး ကုလအကြီးအကဲ ကြိုဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ အီသီယိုးပီးယားနိုင်ငံမှာ နိုဝင်ဘာ ၂ ရက်က သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရက ပြောပါတယ်။
အီသီယိုးပီးယားမှာ စစ်ပွဲ ၂ နှစ်ကြာပြီးတဲ့နောက် အရပ်သားတွေအတွက် ငြိမ်းချမ်းမှုရလာဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။
ဒီပဋိပက္ခအတွင်း အမှန်တကယ် ခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ အီသီယိုးပီးယား အရပ်သားတွေအတွက် စိတ်ဖြေသိမ့်မှုတချို့ စတင်ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ထားတဲ့အတွက် ဒါဟာ ကြိုဆိုရမယ့် ပထမခြေလှမ်းပါလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။
အီသီယိုးပီးယားအစိုးရနဲ့ တစ်ဂရေးဒေသက တပ်ဖွဲ့တွေဟာ ရန်လိုတာတွေရပ်ဖို့ သဘောတူခဲ့ကြပါတယ်။
၂ နှစ်ကြာ သံတမန်ရေးအရ သိသိသာသာ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ စစ်ပွဲမှာ လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ကာ ထောင်ပေါင်းများစွာ အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အာဖရိကသမဂ္ဂက တရားဝင်ညှိနှိုင်းပေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ပြီး တပတ်ကျော်အကြာမှာ တောင်အာဖရိကနိုင်ငံ မြို့တော် ပရက်တိုးရီးယားမှာ နှစ်ဖက်ကိုယ်စားလှယ်တွေက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။