မော်ရိုကိုအသင်းက ဘယ်လ်ဂျီယံကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

ဒီနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု F ပွဲစဉ်မှာတော့ ဘယ်လ်ဂျီယံအသင်းကို မော်ရိုကိုအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပေမဲ့ ပွဲချိန် ၇၉ မိနစ်မှာ မော်ရိုကိုအသင်းအတွက် ရရှိတဲ့ ပြစ်ဒဏ်ဘောကနေ ဆပ်ဘီရီက ကန်သွင်းခဲ့ပါတယ်။ ဒီနောက် နာကျင်အချိန်ပို ၉၂ မိနစ်မှလည်း အဘူကာလဲက ထပ်မံသွင်းယူခဲ့တာကြောင့် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မော်ရိုကိုအသင်းဟာ အုပ်စုပထမပွဲစဉ်တုန်းက ခရိုအေးရှားအသင်းနဲ့ သရေကျခဲ့တာကြောင့် နှစ်ပွဲကစား ရမှတ် ၄ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
ဘယ်လ်ဂျီယံအသင်းကတော့ အုပ်စုပထမပွဲစဉ်မှာ ကနေဒါအသင်းကို အနိုင်ရရှိခဲ့ပေမဲ့ အခုပွဲ ရှုံးနိမ့်သွားတာကြောင့် ရမှတ် ၃ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ခရိုအေးရှားနဲ့ ကနေဒါအသင်းရဲ့ ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ၁၁ နာရီခွဲ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။