close

ခရိုအေးရှားက ကနေဒါကို (၄-၁) ဂိုးဖြင့် အနိုင်ရ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ နိုဝင်ဘာ ၂၇ ရက်ညက ကန်သွားတဲ့ အုပ်စု F ပွဲစဉ်မှာ ခရိုအေးရှား အသင်းက ကနေဒါကို  (၄-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ပထမပိုင်းပွဲစစချင်း ပွဲချိန် ၂ မိနစ်မှာပဲ ကနေဒါအတွက် ဒေးဗစ်က ဗွေဇော်ဦး ခေါင်းတိုက်ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်နေခဲ့တာပါ။ 

ဒီနောက်မှာတော့ ပွဲချိန် ၃၆ မိနစ်မှာ ခရိုအေးရှားအတွက် ချေပဂိုးကို ကရာမာရစ်က စသွင်းပေးခဲ့ကာ ပွဲချိန် ၄၄ မိနစ်မှာ လီဗာဂျာက နောက်ထပ်တဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ  ခရိုအေးရှားက (၂-၁) ဂိုးနဲ့ အနိုင်ရနေပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာတော့  ကရာမာရစ်ကပဲ နောက်ထပ်အနိုင်ဂိုးတဂိုး ထပ်သွင်းယူပေးခဲ့ပြီး ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၄ မိနစ်မှာ ခရိုအေးရှားအတွက် စတုတ္ထမြောက် ဂိုးကို မာဂျာက သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ကနေဒါက ဘောလုံးပိုင်ဆိုင်မှု ၅၂ ရာခိုင်နှုန်း ပိုရခဲ့ပေမဲ့ မိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားက ဂိုးပေါက်ကန်သွင်းခွင့်တွေ ကနေဒါအတွက် ပိုမိုရရှိခဲ့သလို အဆုံးသတ်ဂိုးတွေကို ပိုင်ပိုင်နိုင်နိုင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ ခရိုအေးရှားက ရမှတ် ၄ မှတ်နဲ့ အုပ်စု F ရဲ့ ပထမနေရာမှာ ရပ်တည်နေပြီး၊ မော်ရိုကိုကလည်း ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဘယ်လ်ဂျီယံက ရမှတ် ၃ မှတ်နဲ့  အုပ်စု တတိယနဲ့ ကနေဒါကတော့ အုပ်စု နောက်ဆုံးမှာ အသီးသီးရပ်တည်နေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up