ထိုင်း Miss Tiffany 2022 လိင်ပြောင်းအလှမယ်ပြိုင်ပွဲ (ဓာတ်ပုံ)




ထိုင်းနိုင်ငံရဲ့ Miss Tiffany 2022 လိင်ပြောင်း အလှမယ်ပြိုင်ပွဲကို ပတ္တယားကမ်းခြေမြို့ ထစ်ဖ်ဖန်းနီးပြဇာတ်ရုံမှာ နိုဝင်ဘာ ၂၇ ညက ကျင်းပရာမှာ အသက် ၂၁ ရွယ် ကဝမ် အရိဆလာ ကန်ကလာ့က ပထမဆုနဲ့ သရဖူဆွတ်ခူးသွားပါတယ်။
ဒီပြိုင်ပွဲမှာ ထိုင်းနိုင်ငံတဝန်းက လိင်ပြောင်းထားတဲ့ အလှမယ်ပေါင်း ၃၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆုကြေး အဖြစ် MG Zs Limited ကား ၁ စီး ၊ စိန်စီသရဖူ ၊ ငွေသား ဘတ် ၃ သိန်းနဲ့ အသက်အာမခံငွေ ၃ သန်းရရှိပါတယ်။
ကဝမ် အရိဆလာ ကန်ကလာ့ဟာ ဒီမတိုင်ခင်က Miss Health Thailand ဆုကိုလည်း ရထားပါတယ်၊ သူဟာ သူနာပြုတက္ကသိုလ်ကနေဘွဲ့ရပြီး လက်ရှိ အလှပြုပြင်ခွဲစိပ်ရေးကုမ္ပဏီမှာ ရှယ်ယာပါဝင်ပါတယ်။
သူ့ရဲ့ရပ်တည်ချက်ကတော့ လိင်ပိုင်းဆိုင်ရာခွဲခြားမှုမရှိဘဲ လူတိုင်းသဘာဝ ဖြစ်တည်မှုအောက်က စစ်မှန်တဲ့ အလှတရားကို တန်ဖိုးထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။