နိုင်ငံအသင်းတွေဆီ ကစားသမားစေလွှတ်ခဲ့မှုအတွက် မန်စီးတီးအသင်း ငွေအများဆုံးရရှိမည်

မန်စီးတီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကစားမယ့်နိုင်ငံအသင်းတွေဆီကို ကစားသမားတွေစေလွှတ် ပေးခဲ့မှုအတွက် ဖီဖာဆီကနေ ငွေအများဆုံးရရှိမယ့်အသင်းဖြစ်လာဖို့ရှိနေပါတယ်။
ဖီဖာဟာ ကလပ်အသင်းတွေရဲ့အကျိုးကိုရည်ရွယ်ပြီး နိုင်ငံအသင်းတွေဆီကို စေလွှတ်တဲ့ ကစားသမားအရေအတွက်နဲ့ အောင်မြင်မှုကိုလိုက်ပြီး ငွေကြေးထောက်ပံ့ပေးပါတယ်။
ဖီဖာဟာ ကစားသမားတစ်ဦးအတွက် တစ်ရက်ကို ဒေါ်လာ တစ်သောင်းနဲ့ ညီမျှတဲ့ ပေါင် ၈၁၂၀ ကို မိခင်ကလပ်တွေဆီ ပြန်ပေးတာပါ။
မန်စီးတီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို စုစုပေါင်း ၁၆ ဦးစေလွှတ်ခဲ့တာပါ။ အဲဒီထဲက အာဂျင် တီးနားတိုက်စစ်မှူးအယ်ဗာရက်ဇ်က ဗိုလ်လုပွဲကစားခွင့်ရရှိမှာပါ။
အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ဘယ်လ်ဂျီယံကစားသမား ဒီဘရိုင်းနဲ့ ဂျာမနီကွင်းလယ်လူ ဂွမ်ဒိုဂန်တို့အတွက် ဖီဖာဆီက ငွေကြေးသိပ်မရပေမယ့် ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အသင်းတွေက ကစားသမားတွေလည်း ရှိပါတယ်။
မန်စီးတီးအနေနဲ့ ကစားသမား ၁၆ ဦးအတွက် စုစုပေါင်း ပေါင် ၄ သန်းခွဲရရှိနိုင်ပြီး တခြားအသင်းတွေထက် ပိုများတဲ့ပမာဏဖြစ်လာမှာပါ။
ဘာစီလိုနာအသင်းက ကစားသမား ၁၇ ဦး အထိစေလွှတ်ပေးခဲ့ရပေမယ့် စပိန်အသင်းက ၁၆ သင်း အဆင့်မှာပဲထွက်ခဲ့ရလို့ ပေါင် ၃ ဒသမ ၃ သန်းလောက်သာရရှိနိုင်တယ်လို့သိရပါတယ်။
ဘာစီလိုနာပြီးရင်တော့ မန်ယူ၊ ချဲလ်ဆီး၊ စပါးနဲ့ အာဆင်နယ်အသင်းတွေက ငွေကြေးရရှိနိုင်မှုမှာ အစဉ်လိုက်ရပ်တည်နေပါတယ်။