close

လာမည့်ရာသီတွင် ပီအက်စ်ဂျီမှ မက်ဆီထွက်ခွာနိုင်ဟု အသင်းဖော်ဟောင်း အဂွဲရိုး ပြော

လာမယ့်ရာသီမှာ ပီအက်စ်ဂျီအသင်းကနေ မက်ဆီထွက်ခွာနိုင်ကြောင်း အသင်းဖော်ဟောင်း  အဂွဲရိုးက ပြောပါတယ်။

တိုက်စစ်မှူးဟောင်း အဂွဲရိုးဟာ မက်ဆီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ မက်ဆီဟာ အခုနှစ် ရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဖို့ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ 

မက်ဆီဟာ သူ့ရဲ့ ပထမဆုံး ကလပ်ဖြစ်တဲ့ မွေးရပ်မြေက နယူးဝဲလ်အိုးဘွိုင်းအသင်းဆီ ပြန်ကစားဖို့ စိတ်ကူးရှိပြီး လာမယ့်ရာသီမှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ အဂွဲရိုးက UOL နဲ့ အင်တာဗျူးမှာ ပြောပါတယ်။  

မက်ဆီဟာ နယူးဝဲလ်အိုးဘွိုင်းအသင်းမှာ လူငယ် ကစားသမားအဖြစ် ၅ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ 

မွေးရပ်မြေ ကလပ်ဆီ မသွားဖြစ်ရင်လည်း အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီ အသင်းဆီလည်း ပြောင်းရွှေ့နိုင်ခြေ ရှိတယ်လို့ သိရပါတယ်။ 

Up