ယူကရိန်းကို စစ်ရေးအရ စွက်ဖက်လာသည့် ရုရှားကို နေတိုးအဖွဲ့ ဆန့်ကျင်

မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံးက ယူကရိန်းနိုင်ငံထဲ ရုရှားရဲ့စစ်ရေးဝင်ရောက်စွက်လာမှု မှန်သမျှကို တညီတညွတ်တည်း ဆန့်ကျင်ကြောင်းနဲ့ ပူတင်အစိုးရရဲ့ လုံခြုံရေးတောင်းဆိုမှုမှန်သမျှကို လက်မခံကြောင်း ပြောဆိုခဲ့ပါတယ်။
NATO အဖွဲ့အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဂျန်စ် စတိုလန်ဘတ်ချ်က “ရုရှားရဲ့ ယူကရိန်းနယ်စပ်ဘေး စစ်ရေးတည်ဆောက်မှုတွေဟာ ပဋိပက္ခတွေဖြစ်လာဖို့ လုပ်နေတာပါ။ စစ်ရေးပြင်ဆင်မှုတွေ မလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ရက်သတ္တပတ်အတော်ကြာအောင် တောင်းဆိုနေပေမဲ့ ရုရှားက နောက်မဆုတ်ပါဘူး” လို့ ပြောပါတယ်။
နောက်ထပ် သူက “သံတမန်ဆက်ဆံရေးတွေ ဆွေးနွေးမှုတွေ ပျက်သွားရင် စစ်ရေးအသင့်ဖြစ်နေဖို့ ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ယူကရိန်းကို စစ်ရေးကျူးကျော်လာတာနဲ့ ကြီးမားတဲ့ အကျိုးဆက်တွေရယ်၊ တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်လို့ ရုရှားကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ” လို့ ပြောပါတယ်။