close

ကမ္ဘာတဝန်းလေယာဉ်ပတ်မောင်းသူ အသက်အငယ်ဆုံးအမျိုးသမီး ဘယ်လ်ဂျီယံကို ပြန်ရောက်မည်

ဗြိတိန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံသူ ဇာရာ ရူသာဖို့ဒ် ဟာ ကမ္ဘာတဝန်းကို တကိုယ်တော် လေယာဉ်မောင်း ပတ်ခဲ့တဲ့ အသက်အငယ်ဆုံးအမျိုးသမီးဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဇာရာဟာ ဘယ်လ်ဂျီယံနိုင်ငံ အနောက်ဘက် Kortrijk-Wevelgem လေဆိပ်ကနေ ဩဂုတ်လက စထွက်ခဲ့ပြီး အမေရိကန်၊ ဂရင်းလမ်း၊ ရုရှား၊ ကိုလံဘီယာ အပါအဝင် နိုင်ငံ ၅၂ နိုင်ငံ ကီလိုမီတာ ၅၁,၀၀၀ ခရီးကို မောင်းနှင်ခဲ့ပါတယ်။

ကမ္ဘာ့ပျံသန်းမှုဆိုင်ရာ သတ်မှတ်ချက်နှုန်းစံတွေနဲ့ ကိုက်ညီစေဖို့ ဆာရာက ကမ္ဘာ့ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ဖြစ်တဲ့ အင်ဒိုနီးရှား ဂျမ်ဘီမြို့နဲ့ ကိုလံဘီယာက တူမာကိုမြို့တို့ကို သတ်မှတ်ပြီး ပျံသန်းခဲ့တာပါ။

ဆာရာ ရူသာဖို့ဒ်က ကမ္ဘာ့မှတ်တမ်းစာအုပ်ထဲ စာရင်းဝင်ဖို့ထက် သူ့လို ဆယ်ကျော်သက်အမျိုးသမီးငယ်တွေ လေကြောင်းခရီးထဲ စွန့်စွန့်စားစားသွားလာကြဖို့နဲ့ STEM  ခေါ်  ‘သိပ္ပံနည်းပညာအင်ဂျင်နီယာ သင်္ချာ’  နယ်ပယ်မှာ ပိုပြီးအလုပ်လုပ်ကြဖို့သာ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဆာရာရဲ့ မိဘနှစ်ပါးဟာ လေကြောင်းပိုင်လော့တွေဖြစ်ပြီး ဒီနှစ်မှ သူ တက္ကသိုလ်စတက်မှာပါ။ သူက အာကာသယာဉ်မှူးဖြစ်ဖို့ အိပ်မက် မက်နေသူပါ။ 

၂၀၁၈ မှာ ကမ္ဘာတဝန်း ဖြတ်သန်း တကိုယ်တော် လေယာဉ်မောင်းခဲ့တဲ့ အသက် ၁၈ နှစ်ရှိ မေဆန် အန်ဒရူးရဲ့ အမျိုးသားစံချိန်ကို ချိုးဖျက်ဖို့လည်း ဆာရာက ကြံစည်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up