close

ရုရှားသတင်းဌာန RT နှင့် Sputnik သတင်းများ Google ပိတ်ပစ်

အင်တာနက်ဝက်ဘ်ဆိုက် Google ကုမ္ပဏီက သူ့ရဲ့ Play store ကနေ ဒေါင်းလုပ်လုပ်နိုင်တဲ့ ရုရှားသတင်းဌာန RT နဲ့ Sputnik တို့ရဲ့ မိုဘိုင်းလ် apps တွေကို ပိတ်ပစ်လိုက်ပြီလို့ ကြေညာပါတယ်။ 

ရုရှားနိုင်ငံပိုင် RT နဲ့ Sputnik တို့ရဲ့ သတင်းတွေကို Google News Search မှာလည်း ဖယ်ရှားပစ်လိုက်ပါတယ်။ 

Apple ကုမ္ပဏီကလည်း RT နဲ့ Sputnik တို့ရဲ့ သတင်းတွေ Apple Store မှာ ဒေါင်းလုပ် မရနိုင်ဘူး လို့ ပြောပါတယ်။ 

ရုရှားရဲ့ စစ်သတင်း ဝါဒဖြန့်မှုတွေ မာလ်တီနည်းပညာကုမ္ပဏီကြီးတွေက ထိထိရောက်ရောက် ပိတ်ပင် ကန့်သတ်ထားတာပါ။  ရုရှားဝါဒဖြန့် ဗွီဒီယိုတွေကို YouTube ဆိုဒ်မှာလည်း စစ်ပွဲစကတည်းက ပိတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up