မန္တလေးတွင် CCTV ဆာဗာပုံးနှင့် ကင်းတဲဂိတ် ဖောက်ခွဲခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ် ၃၈ လမ်းနဲ့ ၇၈ လမ်းထောင့်က CCTV ဆာဗာပုံးနဲ့ ကင်းတဲဂိတ် မတ်လ ၄ ရက် ဒီနေ့ ညနေက ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ညနေ မိုးချုပ် ပေါက်ကွဲတာပဲ။ လူသွားလူလာတော့ ရှိတယ်။ ထိခိုက်တာမကြားမိဘူး”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
CCTV ဆာဗာပုံးနဲ့ ကင်းတဲဂိတ် ဖောက်ခွဲမှုကို Mandalay Ranger Force ၊Guerilla Force Mahdalay ၊ အမရကြယ်စင် PDF တို့ ညီနောင် ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘူးလို့ Mandalay Ranger Force က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရပြီးနောက် လမ်းဆုံမှာရှိတဲ့ အောင်ပြည့်စုံခန်းမထဲက အစောင့်စစ်သားတွေက ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။