ဘာကာတွင် မကစားချင်သူမရှိဟု ဟာလန်းအပြောင်းအရွှေ့အပေါ် ဇာဗီ မှတ်ချက်ပေး

ဘာစီလိုနာမှာ မကစားချင်တဲ့ ကစားသမားမရှိကြောင်း ဟာလန်းနဲ့ အပြောင်းအရွှေ့ကိစ္စ မေးမြန်းရာမှာ နည်းပြဇာဗီက ပြောပါတယ်။
နည်းပြဇာဗီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျာမနီကို သွာရောက်ပြီး ဒေါ့မွန် တိုက်စစ်မှူးဟာလန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
အဲဒီသတင်းအပေါ် သတင်းထောက်တွေက ဇာဗီကို မေးမြန်းရာမှာတော့ တိတိကျကျဖြေကြားဖို့ ငြင်းဆန်သွားပြီး ဘာစီလိုနာမှာ မကစားချင်တဲ့ ကစားသမားမရှိကြောင်း ဇာဗီက ပြောသွားတာပါ။
“အသင်းရဲ့အခြေအနေနဲ့ ကစားပုံတွေကို ဘယ်ကစားသမားကိုပဲ ပြောသည်ဖြစ်စေ ဘာကာက အကောင်းဆုံးအသင်းဆိုတာ သူတို့ သိရလိမ့်မယ်။ ဘာစီလိုနာမြို့ကလည်း လှပတယ်။ ဘာကာမှာ မကစားချင်ဘူးဆိုတဲ့ ကစားသမား ကျနော် မတွေ့ဖူးသေးပါဘူး။ ကစားသမားတိုင်းက ဘာကာမှာ လာကစားဖို့ စိတ်လှုပ်ရှားကြတယ်။ စာချုပ်ကိစ္စနဲ့ တခြားအရာတွေလည်း ရှိသေးပေမယ့် ဘာကာရဲ့ ကမ်းလှမ်းမှုကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။”
ဇာဗီဟာ ဘာစီလိုနာကို နည်းပြချုပ်အနေနဲ့ တကျော့ပြန်လာခဲ့ပြီးနောက်မှာ အသင်းကို ရလဒ်ကောင်းမွန်အောင် စွမ်းဆောင်ပြထားပြီး အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။