close

ဘာစီလိုနာ မိုလ်ဘိုင်းညီလာခံကို နိုင်ငံခြားဧည့်သည် ၅၀၀၀၀ ကျော် တက်ရောက်

စပိန်နိုင်ငံ၊ ဘာဆီလိုနာမြို့မှာ “ဘာစီလိုနာ မိုလ်ဘိုင်းကမ္ဘာ့ညီလာခံ” ကို ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပခဲ့ပြီး မိုလ်ဘိုင်းကုန်စည်ပြပွဲကိုပါ ဖွင့်လှစ်ခဲ့တာကြောင့် လူ ၁ သိန်းကျော် လာရောက် ကြည့်ရှု ဝယ်ယူခဲ့ပါတယ်။ 

ဘာဆီလိုနာ တယ်လီကွန်းပြပွဲလမ်းတွေမှာ ယခင်နှစ်တွေလိုပဲ လူတွေ တိုးမပေါက်အောင် စည်ကားတာပါ။ ဒီနှစ်ပွဲတော်ကို ပြင်ပနိုင်ငံခြားဧည့်သည် ၅၀၀၀၀ ကျော် တက်ရောက်အောင် စွဲဆောင်နိုင်ခဲ့တယ်လို့ စီစဉ်သူတဦးက ပြောပါတယ်။  

Samsung နဲ့ တရုတ် Oneplus အပါအဝင် ကုမ္ပဏီကြီးတွေက နောက်ဆုံးထုတ် နည်းပညာပစ္စည်းတွေ အပြိုင်အဆိုင် ခင်းကျင်းပြသထားတာပါ။ စမတ်ဖုန်းဈေးကွက်ကို အလှုပ်ဆုံးက တရုတ် Realme ကုမ္ပဏီပါ။ သူ့ရဲ့ GE 2 Pro ဖုန်းကို မိတ်ဆက်ပေးပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး ဘယ်ဖုန်းအမျိုးအစားနဲ့မဆို ယှဉ်နိုင်တယ်လို့ ဈေးကွက်မှာ ကြော်ငြာထားတာပါ။ဈေးကွက်မှာ လှုပ်ခတ်ခဲ့တဲ့ စမတ်ဖုန်းက RAM 12GB, powerhouse 2K နဲ့ HZ 120 ပါရှိတဲ့ Snapdragon ကုမ္ပဏီထုတ် 8 Generation 1 silicon ဖုန်းပါ။ ပြပွဲက ဖေဖော်ဝါရီ ၂၈ မှ မတ်လ ၃ ရက်နေ့အထိပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up