close

အင်တာတိုက်စစ်မှူး မာတီနက်ဇ်ကို ဦးစားပေးခေါ်ယူရန် အာဆင်နယ် ပစ်မှတ်ထား

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီအတွက် အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို ဦး စားပေးခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ 

အာဆင်နယ်အသင်းမှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လာကာဇက်နဲ့ အန်ကတ်တီယာတို့ ၂ ဦးက ရာသီအကုန် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် တိုက်စစ်မှူး ၂ ဦးပြန်လည်ခေါ်ယူဖို့ နည်းပြ အာတီတာက ဆန္ဒရှိနေပါတယ်။ 

ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးတွေထဲမှာ အင်တာမီလန်က အာဂျင်တီးနားတိုက်စစ်မှူး မာတီနက်ဇ်ကို နံပါတ်တစ် ပစ်မှတ်အဖြစ်ခေါ်ယူဖို့ အာဆင်နယ်က ကြိုးပမ်းမယ်လို့သိရပါတယ်။ 

လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်သာရခဲ့မယ်ဆိုရင် မာတီနက်ဇ်ကို ခေါ်ယူဖို့ ပိုမိုလမ်းပွင့်သွားနိုင်တယ်လို့ The Times သတင်းစာက ရေးသားခဲ့ပါတယ်။ 

အသက် ၂၄ နှစ်ရှိ မာတီနက်ဇ်ဟာ ၂၀၁၈ ခုနှစ်က အာဂျင်တီးနားကလပ် ရေးဆင်းကလပ်ကနေ ပြောင်းရွှေ့လာပြီးနောက် အင်တာအတွက် ၁၇၇ ပွဲမှာ ဂိုး ၇၀ သွင်းယူထားပါ တယ်။

အာဆင်နယ်အသင်းဟာ မာတီနက်ဇ်အပြင် မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူ နဲ့ အဲဗာ တန်တိုက်စစ်မှူး ကယ်ဗက်လီဝင်တို့ကိုလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ရာသီအကုန်မှာ စတင်ကမ်းလှမ်းနိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up