သီရိလင်္ကာ၏ကြွေးမြီကိစ္စ ကူညီပေးလိုဟု တရုတ်ပြော

တရုတ်နိုင်ငံဟာ သီရိလင်္ကာနိုင်ငံနဲ့ ကြွေးမြီကိစ္စတွေ ဆွေးနွေးဖို့ ဆန္ဒရှိပြီး သီရိလင်္ကာရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ရာမှာ ကူညီပေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဇူလိုင် ၁၅ ရက်က ပေဂျင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်ကို အကူအညီ ပိုပေးဖိုနဲ့ ကြွေးမြီဆိုင်ရာ စည်းကမ်းချက်တွေကို ပြန်ပြင်ချုပ်ဆိုပေးဖို့ တောင်းဆိုထားတဲ့ သီရိလင်္ကာရဲ့အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဝမ်က မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
ကိုလံဘိုက တရုတ်ကို ချေးငွေ အမေရိကန် တစ်ဘီလီယံ တောင်းဆိုထားပြီး ဒီပမာဏဟာ အခုနှစ်မှာ တရုတ်ကိုပြန်ဆပ်ရမယ့် ကြွေးမြီပမာဏနဲ့ ညီမျှတယ်လို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဇူလိုင် ၁၅ ရက်က အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သီရိလင်္ကာကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီ ယွမ် သန်း ၅၀၀ ပေးအပ်သွားမယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သီရိလင်္ကာရဲ့ လက်ရှိအခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာနိုင်ငံတွေ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိကြောင်းလည်း ဝမ်က ပြောသွားပါတယ်။