close

အာဖဂန်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် ကုလ ကူညီဆောက်ရွက်ပေး

အာဖဂန်နစ္စတန်နိုင်ငံတွင်းက ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ အာဖဂန်လူမျိုးတချို့ ကဘူးလ်မြို့တော်ကနေ သူတို့ဇာတိ ပြည်နယ်တွေဆီ ပြန်နိုင်ရေးကိစ္စတွေကို ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) က ဇူလိုင် ၂၈ ရက်မှာ ကူညီဆောင်ရွက်ပေးနေပါတယ်။

ကုလဒုက္ခသည်အေဂျင်စီဟာ ဒေသဆိုင်ရာ နေရပ်ပြန်ပို့ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ပြည်နယ်အသီးသီးကို မိသားစု ၂၂၉ စုကို ပြန်ပို့ဖို့ လုပ်ဆောင်ခဲ့ကြောင်း တာလီဘန်အရာရှိတဦးက ပြောပါတယ်။

UNHCR အကြီးတန်းဆက်သွယ်ရေးအရာရှိ ပီတာ ကတ်စ်လာကတော့ ပြန်သွားတဲ့လူတွေဟာ ၁,၆၀၀ လောက်ရှိပြီဖြစ်ကြောင်းနဲ့ ဒီတပတ် ခြုံငုံပြောရရင်တော့ ပြည်တွင်း စစ်ဘေးရှောင် ၅,၅၀၀ လောက်ဟာ ကဘူးလ်ကနေ နိုင်ငံတဝန်းက သူတို့ရဲ့နေရပ်နဲ့ ပြည်နယ်တွေကို ထွက်သွားကြပြီဖြစ်ကြောင်း ‌ပြောပါတယ်။

သူတို့တွေဟာ ပဋိပက္ခတွေကြောင့် နှစ်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသူတွေဖြစ်ပြီး တချို့က အခု နေရပ်ကိုပြန်ဖို့ လုံခြုံတယ်လို့ ခံစားရသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီတသုတ်ကို ကူနာ၊ လာဂ်မန်၊ နန်ဂဟာနဲ့ လိုဂါပြည်နယ်တွေဆီ ပို့ဆောင်ပေးမှာ ဖြစ်ကြောင်းနဲ့ သူတို့ကို သယ်ယူပို့ဆောင်ရေး အထောက်အကူပြု ပစ္စည်းတွေလည်း ထောက်ပံ့ပေးထားပြီး ခရီးစရိတ်အတွက် မိသားစုတခုစီကို ဒေါ်လာ ၂၀၀ စီ ပေးထားကြောင်း ဒုက္ခသည်များနဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ လက်ထောက်ဝန်ကြီး အာဆလာ ခါရိုတီက ပြောပါတယ်။

//
Up