စပါးအသင်းဟာ ဆုဖလားစိန်ခေါ်နိုင်သည့်အဆင့်မရှိသေးဟု နည်းပြကွန်တေ ဝန်ခံ

စပါးအသင်းဟာ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်တဲ့အဆင့်အတန်းမရှိသေးကြောင်း နည်းပြ ကွန်တေက ပြောပါတယ်။
မနေ့ညကပွဲစဉ်မှာ ဗီလာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ အသင်းရဲ့ ကစားသမားအင်အားနည်းပါးမှုကိုထောက်ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း နည်းပြ ကွန်တေကပြောခဲ့တာပါ။
ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ဆိုရင် အရည်အသွေးမြင့်တဲ့ အမာခံကစားသမား ၁၄ ဦး ၁၅ ဦးလောက်ရှိဖို့ လိုအပ်သလို ခြေစွမ်းတိုးတက်လာနိုင်တဲ့ လူငယ်ကစားသမားတွေလည်း ရှိဖို့လို ကြောင်း နည်းပြကွန်တေကပြောပါတယ်။
“ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ဆိုရင် နှစ်တိုင်းကစားသမား ၂ ဦး လောက်ခေါ်ဖို့လိုတယ်။ ပေါင်သန်း ၆၀-၇၀ တန်ကစားသမားတွေကမှ အသင်းလူစာရင်းကိုတိုးတက် လာနိုင်တယ်။ ကျနော်တို့အသင်းမှာ ဂိုးဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားတွေအများကြီးမရှိဘူး”လို့ နည်းပြကွန်တေက ပြောပါတယ်။
စပါးအသင်းဟာ ရစ်ချာလီဆန်နဲ့ ဘန်တန်ကာ တို့လိုခြေစွမ်းပြနေတဲ့ ကစားသမားတွေ ဒဏ်ရာရနေတာကြောင့်လည်း ဗီလာကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။