close

ဆားလင်းကြီးရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့၊ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာနှစ်ရွာကို မီးရှို့ခဲ့တဲ့အတွက် ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်က ဘင်္ဂါးကျေးရွာနဲ့ ဖောင်းကတာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အနီးနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က နေ့လယ်ပိုင်းမှာ ဖောင်းကတာနဲ့ ဘင်္ဂါးကို ဝင်ရောက်မီးရှို့သွားတယ်။ ဆားလင်းကြီး ညောင်ပင်ကြီးရွာ ကားလမ်းတလျှောက်ရွာက ပြည်သူ ၁၀,၀၀၀ ကျော်လောက်ရှိမယ်။ ဘေးလွတ်ရာ ပြေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ အဖွဲ့သုံးဖွဲ့ခွဲကာ ဘင်္ဂါးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက် မီးရှို့ခဲ့တဲ့အတွက် ဆားလင်းကြီး-ညောင်ပင်ကြီး ကားလမ်းက ကျေးရွာ ၂၀ ခန့်မှာရှိတဲ့ ပြည်သူ ၁၀,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဆားလင်းကြီးမြို့နယ်မှာ ဒီဇင်ဘာ ၂၂ ရက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာလေးရွာက နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ အသက် ၈၀ ကျော် အဘွားအိုနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up