close

တရုတ်အစိုးရက ၂၀၂၂ ခုနှစ်အတွင်း ကောက်ပဲသီးနှံ ကီလိုဂရမ် ၄၀၀ ဘီလီယံ ဝယ်ယူခဲ့

တရုတ်နိုင်ငံတွင်း အစိုးရရဲ့ ကောက်ပဲသီးနှံစုစုပေါင်းဝယ်ယူမှုဟာ ၂၀၂၂ ခုနှစ်မှာ ကီလိုဂရမ်  ၄၀၀ ဘီလီယံ လောက်ရှိပြီလို့ တရုတ်အမျိုးသားစားနပ်ရိက္ခာနဲ့ ဗျူဟာမြောက် အရန်သိုလှောင်မှု စီမံရေးဌာန (NFSRA) ရဲ့ နောက်ဆုံးအချက်အလက်တွေအရ  သိရပါတယ်။

လက်ရှိမှာ ဆောင်းဦးပေါက် စပါးတွေ အင်ပြည့်အားပြည့် ဝယ်ယူနေပြီး ကြာသပတေးနေ့အထိ ဆောင်းဦးစပါး ကီလိုဂရမ် ၁၁၆ ဒသမ ၂ ဘီလီယံကို ဝယ်ယူခဲ့ပြီးပါပြီ။ အဓိကထုတ်လုပ်တဲ့ဒေသတွေက စပါးလုပ်ငန်းအားလုံးဟာ အခြေခံအားဖြင့် မနှစ် အလားတူကာလနဲ့ တူညီနေတယ်လို့ စီစီတီဗီသတင်းဌာနက ထုတ်လွှင့်ပါတယ်။

“အဓိကထွက်ရှိတဲ့ ဒေသတွေမှာ နှောင်းပိုင်း အင်ဒီကာနဲ့ ဂျပိုနီကာ ဆန်တွေရဲ့ ပျမ်းမျှဝယ်ယူမှု စျေးနှုန်းဟာ မနှစ်က ကာလတူနဲ့နှိုင်းယှဉ်ရင် တကီလိုဂရမ်ကို ၀ ဒသမ ၀၆ ယွမ်လောက် တိုးမြင့်လာတာကြောင့် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းပိုမြင့်တာကို ပြသနေပါတယ်။ ပြောင်းကိုတော့ တကီလိုဂရမ်ကို ၀ ဒသမ ၂ ယွမ် ပိုပေးတယ်။ လယ်သမားတွေက အမြတ်ကောင်းတယ်လို့ပြောကြတယ်”လို့ NFSRA ပြောရေးဆိုခွင့်ရှိသူ ချင်ယုယန်က ပြောပါတယ်။

စပါးစိုက်တောင်သူတွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက်ကာကွယ်ဖို့ သက်ဆိုင်ရာ ပြည်နယ်ဌာနတွေဟာ ကျန်စု၊ အန်းဟွေ၊ ဟီနန်၊ ဟော့ဘေးနဲ့ ဟေလောင်ကျန်း ပြည်နယ်တွေက အလယ်အလတ်နဲ့ နှောင်းပိုင်း စိုက်ပျိုးရိတ်သိမ်းတဲ့ ဆန်တွေအတွက် အနိမ့်ဆုံးဝယ်တဲ့ နှုန်းတွေကို အတည်ပြုခဲ့ပါတယ်။

ကီလိုဂရမ် ၂၈ ဘီလီယံကျော် သိုလှောင်နိုင်မှု ပမာဏရှိတဲ့ ဂိုဒေါင် ၇၉၀ ကျော်ကို စီစဉ်ပြီးသားဖြစ်ပြီး ဝယ်ယူမှုလိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မယ်လို့လည်း စီစီတီဗီက ထုတ်လွှင့်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up