ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်ကစားသမားအဖြစ် ဒီဘရိုင်း မဲပေးရွေးချယ်ခံရ

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ်လူအဖြစ် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက မဲအများဆုံးနဲ့ ရွေးချယ်ခံရပါတယ်။
အကောင်းဆုံးကွင်းလယ်ကစားသမားက ဘယ်သူလဲ ဆိုတာကို ဘောလုံးအချက်အလက် အဖွဲ့တစ်ခုဖြစ်တဲ့ Visual Game ကနေ အွန်လိုင်းစစ်တမ်းကောက် ယူခဲ့တာပါ။
ပျမ်းမျှအသက်၂၂ နှစ်ကျော်ရှိ မဲပေးသူ စုစုပေါင်း ၁၆၄၂ ဦးက မဲပေးခဲ့ရာမှာ ဒီဘရိုင်းက အမှတ် အများဆုံးနဲ့ နံပါတ်တစ် အကောင်းဆုံးကွင်းလယ်လူအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ ဂိုးဖန်တီးမှု ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမား ဖြစ်လာပါတယ်။
ဒီဘရိုင်းရဲ့အောက် နံပါတ်နှစ်နေရာမှာ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ရပ်တည်နေပြီး လမ်းပတ်၊ ပေါလ်စခိုး၊ ဗီအဲယာတို့က ထိပ်ဆုံး ၅ ဦးစာရင်းမှာပါဝင်ပါတယ်။
အဲဒီနောက်မှာ ယာယာတိုရေး၊ ဒေးဗစ်ဆေးလ်ဗား၊ ရွိုင်ကိန်း၊ ဖာဘရီဂတ်စ်၊ ကန်တေတို့က အစဉ်လိုက် ရပ်တည်ပါတယ်။
ထိပ်ဆုံး ၁၀ ဦးအပြင်ဘက်မှာတော့ ဇာဗီအလွန်ဆို၊ မက်ခလီလီ၊ အက်ဆီယန်၊ ဖာနန်ဒင်ညို၊ အိုဇေးလ်၊ ကာရစ် ၊ ရိုဒရီ၊ မိုဒရစ် အစရှိသူတွေကအစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။