ပင်တဂွန်ကို သွားရောက်သည့် စင်ကာပူဝန်ကြီးချုပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ကြိုဆို

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပင်တဂွန်ကာကွယ်ရေးဌာနချုပ်ကို မတ် ၂၈ ရက်နေ့က ရောက်ရှိလာတဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို ကြိုဆိုခဲ့ပါတယ်။
ဒီနေ့ လီရှန်လွန်းက သမ္မတဂျိုးဘိုင်ဒင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး အင်ဒိုပိစိတ်ဖိတ်ဒေသ လွတ်လပ်ပွင့်လင်းရေးမှစပြီး ယူကရိန်းစစ်ပွဲအရေးအထိ ဆွေးနွေးဖို့ ရှိပါတယ်။
အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာတော့ ဘိုင်ဒင်က ပိစိတ်ဖိတ်ပင်လယ် လွတ်လပ်မှု၊ Supply Chains လုပ်ငန်းများ ပြန်လည်တိုးတက်ရေး၊ ရာသီဥတုအပြောင်းအလဲနဲ့ မြန်မာအရေးတို့အထိ စင်ကာပူဝန်ကြီးချုပ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးသွားမယ်လို့ ဖော်ပြပါတယ်။