close

မန်ယူအသင်းတွင် လုပ်ဆောင်ရမည့်အရာ အများကြီးရှိကြောင်း ရှမိုက်ကယ်သုံးသပ်

မန်ယူအသင်းမှာ လုပ်ဆောင်ရမယ့်အရာတွေ အများကြီး ရှိသေးကြောင်း ဂိုးသမားဟောင်း ရှမိုက်ကယ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် အိုင်းယက်စ်နည်းပြ တန်ဟတ်ချ်ကို ခန့်အပ်ထားပါတယ်။ နည်းပြသစ် ခန့်အပ်မှုက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတာ မှန်ကန်ပေမဲ့ တခြားလုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိသေးတယ်လို့ ရှမိုက်ကယ်က သုံးသပ်ခဲ့တာပါ။

“ဘောလုံးဌာန တခုလုံးကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်။ ဘယ်အရာတွေကို ပြောင်းလဲဖို့ လိုအပ်သလဲဆိုတော့ အကုန်လုံးနီးပါးပါပဲ။ အားလုံးကို ပြန်လည်စဉ်းစားဖို့ လိုလိမ့်မယ်။ နည်းပြသစ်အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်တည်ဆောက်နေတဲ့အဆင့်မှာ နည်းပြက ကူညီနိုင်မယ်လို့လည်း မျှော်လင့်တယ်” လို့ ရှမိုက်ကယ်က ပြောသွားပါတယ်။

ဟော်လန်နည်းပြ တန်ဟတ်ချ်ဟာ ယူနိုက်တက်နဲ့ ၃ နှစ်စာချုပ် ချုပ်ထားပြီး ရာသီပြီးဆုံးတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အသင်းကို စတင်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up