close

ယူကရိန်း မာရီအူပယ်မြို့သင်္ချိုင်းတွင် ကျင်းအသစ် ၄၆၀၀ ကျော် ထပ်တိုးလာ

ယူကရိန်းနိုင်ငံ အာဇော့ဗ်ပင်လယ်​ မြောက်ဘက်ကမ်းရိုးတန်းရှိ မာရီအူပယ်မြို့အနား စတာရိုခရင်မ်စကယ်သင်္ချိုင်းမှာ ဒီနှစ် ဇွန်လကနေ အောက်တိုဘာလအကြားမှာ သင်္ချိုင်းမြေ တိုးချဲ့လာတာကို ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေမှာ မြင်တွေ့ရပါတယ်။

ယူကရိန်းစစ်ပွဲ စကတည်းက သင်္ချိုင်းမှာ ကျင်းအသစ် ၄၆၀၀ ကျော် ပိုရှိလာပြီး ၂၀၂၂ အောက်တိုဘာ ၁၂ ရက် ဝန်းကျင်က နောက်ဆုံးစာရင်းမှာ ကျင်းပေါင်း ၁၅၀၀ လောက် ထပ်တိုးလာတယ်လို့ ဗြိတိန်အခြေစိုက် ရုပ်သံ BBC ရဲ့ သုံးသပ်ချက်က ဆိုပါတယ်။

မာရီအူပယ်မြို့ဟာ ယူကရိန်းအရှေ့ပိုင်းက စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အဓိက ဆိပ်ကမ်းမြို့ဖြစ်သလို အာဇော့ဗ်ပင်လယ်ကမ်းရိုးတန်းက အကြီးဆုံး ယူကရိန်းမြို့လည်း ဖြစ်ပါတယ်။

လူဦးရေ ၄၃၀,၀၀၀  ရှိပြီး တချိန်က လူစည်ကားတဲ့မြို့ဟာ ယူကရိန်းစစ်ပွဲအတွင်း ရုန်းကန်ရင်း ပျက်စီးသွားခဲ့ပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up