တရုတ်တွင် အရွယ်မရောက်သေးသည့် လူငယ်များအကြား အင်တာနက် သုံးစွဲနှုန်း မြင့်တက်လာ

တရုတ်နိုင်ငံတွင်း အရွယ်မရောက်သေးတဲ့ လူငယ်တွေအကြား အင်တာနက် ကွန်ရက် သုံးစွဲနှုန်းဟာ ၂၀၂၁ ခုနှစ်မှာ ၉၆ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး တနှစ်ကို ၁ ဒသမ ၉ ရာခိုင်နှုန်း များလာခဲ့ပါတယ်။
အခုနှစ်မှာ နိုင်ငံတစ်ဝန်း အသက်မပြည့်သေးတဲ့ အင်တာနက်အသုံးပြုသူတွေ ၁၉၁ သန်းကျော် ရှိတယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုင်ငံအဆင့်- အသက်မ ပြည့်သေးသူများ -အင်တာနက်အသုံးပြုမှု စစ်တမ်းအရ သိရပါတယ်။
ဒီစစ်တမ်းအရ အင်တာနက်သုံးတဲ့ အရွယ်မရောက် သေးသူတွေရဲ့ အသက်အရွယ် ပိုငယ်လာခဲ့ပုံ ရနေပါတယ်။
မူလတန်း ကျောင်းသူကျောင်းသားတွေအကြား အင်တာနက် သုံးစွဲနှုန်းက ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ခုနှစ်ထက်ကစာရင် ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာတာပါ။
တရုတ်ပြည်မကြီးက ပြည်နယ်အဆင့် ဒေသ ၃၁ ခုမှာရှိတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ၊ သက်မွေးပညာသင် ကျောင်းတွေနဲ့ နည်းပညာကောလိပ်တွေက အသက် ၁၈ နှစ် အောက် ကျောင်းသားတွေအပြင် မိဘတွေနဲ့ ဆရာတွေရဲ့ နမူနာစစ်တမ်းတွေပေါ် အခြေခံပြီး အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။
အသက်မပြည့်သေးတဲ့ အင်တာနက်သုံးစွဲသူတွေဟာ အင်တာနက်အပေါ် မှီခိုမှုနည်းပါးတယ်လို့ လည်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ အရွယ်မရောက်သေးတဲ့ လူငယ်တွေကြား မြို့ပြက ၉၆ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသက ၉၇ ဒသမ ၃ ရာခိုင်နှုန်း အထိ အင်တာနက် အသုံးပြုခွင့် ရနေတာကြောင့် မြို့ပြနဲ့ ကျေးလက်ကြားမှာ အင်တာနက်သုံးစွဲမှု ကွာဟမှုနည်းပါးတယ်လို့ စစ်တမ်းအသစ်က ညွှန်ပြ ထားပါတယ်။