close

နိုင်ငံတကာပွဲများ မတိုင်ခင် ပွဲစဉ်သုံးပွဲက တရာသီလုံးစာအတွက် ဆုံးဖြတ်ပေးနိုင်ဟု ဂွါဒီယိုလာပြော

နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ကစားရမယ့်သုံးပွဲက တစ်ရာသီလုံးစာအတွက် အဆုံးအဖြတ်ပေးနိုင် ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။

မန်စီးတီးအသင်းဟာလာမယ့် နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် သုံးပွဲအဖြစ်  ခရစ္စတယ်ပဲလေ့နဲ့ လိဂ်ပွဲစဉ်၊ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ ဘန်လေနဲ့ အက်ဖ်အေဖလားပွဲစဉ်တွေ ယှဉ်ပြိုင်ကစား သွားရမှာပါ။

အဲဒီလို မတူညီတဲ့ပြိုင်ပွဲသုံးပွဲဟာ မန်စီးတီးအသင်းရဲ့ တစ်ရာသီစာအခြေအနေကို ဆုံးဖြတ်ပေးသွားနိုင်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ 

“ဒီပွဲစဉ်သုံးပွဲဟာ ရာသီအကုန်မှာ ကျနော်တို့ ဘာကိုလိုချင်သလဲဆိုတာကို သတ်မှတ်ဆုံးဖြတ်ပေးသွားလိမ့်မယ်” လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးဟာ လာမယ့် မတ်လ ၁၂ ရက်ကနေ ၁၉ ရက်အတွင်းမှာ အဲဒီပွဲစဉ် ၃ ပွဲကို ဆက်တိုက်ယှဉ် ပြိုင်သွားရမှာ ဖြစ်ပါတယ်။ 

Up