close

၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်အသက်သွင်းရေး အမေရိကန်မတုံ့ပြန်သေးဟု အီရန်ပြော

၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်အသက်သွင်းရေးဆွေးနွေးဖို့ အမေရိကန်ဟာ ဥရောပရဲ့ အဆိုပြုချက်တွေကို မတုံ့ပြန်သေးဘူးလို့ အီရန်အစိုးရက သြဂုတ် ၂၂ ရက် မှာ ပြောလိုက်ပါတယ်။

အမေရိကန်အစိုးရနဲ့ အကျဉ်းသားတွေလဲလှယ်တာဟာလည်း ဒီကိစ္စစေ့စပ်ညှိနှိုင်းမှုနဲ့ ဆက်စပ်မှု မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ နတ်ဆားခါနားနီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ပြဿနာအားလုံးကို သဘောတူပြီးတဲ့အချိန်အထိ နျူကလီးယား သဘောတူညီချက်ကို ရနိုင်ပြီလို့ ကျနော်တို့မပြောနိုင်ပါဘူး။”

တချိန်တည်းမှာပဲ၊ လုံခြုံရေးအရ စွဲချက်တင်ခံထားရတဲ့ အီရန်-အမေရိကန်နိုင်ငံသား အများအပြားကို ပြန်လွှတ်ပေးဖို့ အီရန်အစိုးရကို အမေရိကန်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဆက်နွှယ်တဲ့ စွဲချက်တွေနဲ့ ထိန်းသိမ်းခံထားရတဲ့ အီရန်နိုင်ငံ သားအများအပြားကို လွှတ်ပေးဖို့ အီရန်ဘက်ကလည်း ပြန်လည် တောင်းဆိုထားပါတယ်။

//
Up