ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် ရုရှားဘီလီယံနာ အေဘရာမိုဗစ်ချ် အစာအဆိပ်သင့်

ချဲယ်လ်ဆီးဘောလုံးအသင်းပိုင်ရှင်ဟောင်း ရုရှားဘီလီယံနာသူဌေး ရိုမန် အေဘရာမိုဗစ်ချ်နဲ့ တခြား ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးသူတွေဟာ ဒီလအစောပိုင်း ကိယက်ဗ်မြို့မှာလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အစာအဆိပ်သင့်ခဲ့တဲ့ သံသယဖြစ်ဖွယ်လက္ခဏာတွေ တွေ့ရှိရကြောင်း Wall Street Journal က ဖော်ပြပါတယ်။
ရုရှားတိုက်ခိုက်မှုကို အဆုံးသတ်ဖို့ စေ့စပ်ဆွေးနွေးရေးမှာ ယူကရိန်းတို့ရဲ့ အကူအညီ တောင်းဆိုမှုကြောင့် ပါဝင်ပေးခဲ့တဲ့ အေဘရာမိုဗစ်ချ်နဲ့ ယူကရိန်းအဖွဲ့ဝင်နှစ်ဦးတို့မှာ အဆိပ်သင့်တဲ့ လက္ခဏာတွေ တွေ့လာရတာပါ။
မျက်လုံးတွေ နီရဲလာမှု၊ အဆက်မပြတ် နာကျင်ကိုက်ခဲမှု၊ မျက်ရည်ပူကျမှု၊ မျက်နှာနဲ့ လက်အရေပြားပေါ် အဖုအပိမ့်ထွက်တာ စတာတွေ ဖြစ်ခဲ့တာလို့ သူတို့နဲ့ နီးစပ်သူတွေကို မေးမြန်းပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အစောပိုင်းငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ယူကရိန်းဘက်က ကြားဝင်ပေးခဲ့တဲ့ အေဘရာမိုဗစ်ချ်ကို ဆရာဝန်က အလုပ်ပေးမလုပ်ဘဲ အနားယူခိုင်းထားပါတယ်။